Bago News

Bago News

အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံးမီးလောင်ပြာကျ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၈

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

မတ်လ ၂၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ပိုင်နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိပဲ ကျဲချသွားတာပါ။ ဗုံးကတော့ ၁ လုံးတည်းပါပဲ၊ ပြည်သူတွေကိုတော့ လေ ကြောင်း သတိပေးထားလို့ ထိခိုက်မှုမရှိပါဘူး။ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ် ချက်တွေရှိနေပါတယ်” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

စစ်ကောင်စီတပ်က ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများကို ရည်ရွယ်လျက်ရှိရှိ ပစ်မှတ်ထားကာ နေ့စဉ် ရက်ဆက် လက်နက်ကြီး ၊ Drone ၊ လေ​ကြောင်းဖြင့် တိုက်ခိုက်နေမှုကြောင့် ပြည်သူများ နေရပ်စွန့် ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

 

ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်များမှာ အဆမတန်များပြားနေသဖြင့် စားရေး သောက်ရေး ၊ နေရေး၊ ဝတ်ရေး၊ ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပေးကြပါရန်နှင့် တော်လှန်ရေးအင်အားစုများဘက်မှလည်း တတ်နိုင် သမျှ ကယ်ဆယ်မှုများလုပ်ပေးနေသော်လည်း လိုအပ်ချက်များစွာရှိနေသည့်အပေါ် နားလည်ပေး ကြ ပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံးအပါအဝင် စစ်တပ်စခန်း ၄ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၈ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၇   မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံစစ်တပ်ဂိတ်နှင့် စကားဝါဂိတ်တို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု...