Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်သူ့နေအိမ်များကို စစ်တပ်နှင့်အတူလိုက်ပြီး မီးရှို့နေသူ ရှပ်ပုံရွာ ပျူခေါင်း ဆောင် သိန်းဇော်အေး ပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၇

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ပြည်သူ့နေအိမ်များကို စစ်တပ်အတူ လိုက်ပါပြီး မီးရှို့နေသူ ရှပ်ပုံကျေးရွာ ပျူခေါင်းဆောင် သိန်းဇော်အေးကို ပစ်ခတ် ရှင်းလင်းခဲ့ ရာ နေရာမှာပင် သေဆုံးသွား ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – Palaw PDF ထံမှ သိရသည်။

 

ယနေ့မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၏ ပျူအဖွဲ့ ခေါင်းဆောင် ဖြစ်သူ သိန်းဇော်အေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့မှ ပုလောမြို့နယ်၊ မင်းသီရီကျေးရွာလမ်း၌ တွေ့ရှိခဲ့သဖြင့် ပစ် ခတ်ရှင်းလင်းရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

၎င်းသည် ဖက်ဆစ်စစ်တပ် အာဏာသိမ်းခါစ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ငွေကြေးတောင်းခံခြင်း၊ ဖက်ဆစ်စစ်ကြောင်းနှင့်အတူ လိုက်ပါ၍ ကျေးရွာများကို မီးရှို့ခြင်း စသည့် ရာဇဝတ်မှုများကို စိတ်လိုလက်ရ ဆောင်ရွက်ခဲ့သူဖြစ် ကြောင်း အသိပေးထားသည်။

 

မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအနေဖြင့် ဖက်ဆစ်စစ်တပ်၏ ထောက်တိုင်မှန်သမျှကို တုံ့ဆိုင်းခြင်းမရှိပဲ ဖြိုဖျက်သွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် ဖက်ဆစ်စစ်တပ်၏ လက်အောက်ခံ စစ်သား၊ ရဲ၊ ပျူ၊ ရပ် ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အသာတကြည် လက်နက်ချ အလင်းဝင်ရန် တိုက်တွန်း ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူး ကျော်ဝင်းထွဋ် ပစ်ခံရပြီး သေဆုံး၊ သေဆုံးရုပ်အလောင်းကိုလာရောက်ကောက်ယူသည့် စစ်ကောင်စီတပ်သားများကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း မေလ ၂၅   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စစ်မှုထမ်းစစ်သား စုဆောင်းနေသူ အုပ်ချုပ်ရေးမှူးကျော် ဝင်းထွဋ်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ...