Poem

Poem

ကဗျာကဏ္ဍ “ပြည်သူသည်သာ”

 

ပျိုးကြဲလက်

 

နိုင်ငံကို လွတ်လပ်ရေး

ယူပေးတဲ့ တပ်မတော် ။

 

ပြည်သူ့မှာ အနှိုင်းမဲ့

ချစ်ခဲ့ပေါ့နော် ။

 

လက်နက်ပြလို့ ဗိုလ်ကျသော်

မသာပေါ်တောင် ပျော်သေး ။

 

ပြည်သူမုန်းရင် သမုတ်ကြတယ်

ခေါ်ပါ့စစ်ခွေး ။

 

တော်လှန်ရာ မှတ်ကြကွယ့်

လမ်းပြက ကမ္ဘာကျော် ။

 

ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်တော့

တပ်ပျက်ပေါ့နော် ။

 

ပြည်သူ့အားနဲ့ ပြိုင်ရသော်

နတ်သိကြားခေါ်စေ မနိုင်ဘူး ။

 

ပြည်သူ့ရန် ကာကွယ်ပေးမှ

ဖေးမတင့်ထူး ။

 

ရန်သူတွေ သံမှုန့်မစားသရွေ့

တို့ဓားက ထက်မြဲပင် ။

 

ပြည်သူကို အမိအဖသို့

တွေးဆလို့မြင် ။

 

စစ်သတင်းနဲ့ ရိက္ခာအပြင်

ကြံဆတီထွင် သင်ပြပေး ။

 

ပြည်သူ့သိက္ခာ ဂုဏ်ဝါထည်ဖို့

ကာကွယ်စို့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီ ၅၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အောင်ပြီ ဟေ့ အောင်ပြီ”   ပျိုးကြဲလက်   ကမ္ဘာမှာ စစ်ကျွန်ဘဝနဲ့ အောက်ကျတဲ့ ငါတို့ပြည် ။   စစ်နွံမှာ လုံ့လစိုက်လို့ တိုက်ထုတ်ခဲ့သည် ။   အောင်ပြီဟေ့ အောင်ပြီ မြန်မာပြည် ညီပါပေ့ ။   စစ်ကျွန်မခံ...