Mandalay News

Mandalay News

ငါးဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးတွင် တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးတွင် တပ်စွဲထားသော စစ်သားများကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

မတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ် ၊ မြို့သာ စက်မှုဇုန် ၊အင်းဝဘဏ် အနီးတွင် အင်းအား ၄၀ ခန့်ဖြင့် တပ်စွဲထားသော စစ်သားများအနက် ၁၅ ဦးသည် ဘဏ်နှင့် မီတာ (၃၀၀) ခန့် အကွာ၌ ခရီးသွားပြည်သူများအား ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံး သွားသော စစ်သားအလောင်းများကို မြို့သာစက်မှုဇုံထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ၊ ငါန်းဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၃ နှင့် ငါန်းဇွန်း မြိုနယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...