TNLA News

TNLA News

နန့်ဆန်မြို့နယ်တွင် ငှက်ပစ်ထွက်သူ အမျိုးသားတစ်ဦးတစ်ဦး စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ နှစ်ချောင်းလုံး ပြတ်ထွက်

 

D Day News

ဧပြီလ ၂၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ထောင်ထားသည့် မြေမြှုပ် မိုင်းနင်း မိမှုကြောင့် ပြည်သူ တစ်ဦးခြေထောက် နှစ် ချောင်းလုံးပြတ်ထွက်သွားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က နမ့်ဆန်မြို့နယ်၊ မန်ခိုက်ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၀ အရွယ္ မောင်ကျောဇင်ဟိန်းသည် ယခင်စစ်တပ်ကုန်းဟောင်းအနီး ငှက်ပစ်သွားရာက အကြမ်းဖက်စစ်သားများ ထောင်ထားခဲ့သည့် မိုင်းကို နင်းမိရာ ခြေထောက်နှစ်ဖက်လုံးပြတ် ထွက် သွားပြီး နမ့်ဆန်ဆေး ရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

 

မိုင်းနင်းမိခဲ့သူကျော်ဇင်ဟိန်းသည် လားရှိးမြို ရပ်ကွက် ၁၂ မှ နမ့်ဆန်မြို့သို့ လာရောက်ကာ အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

 

နမ့်ဆန်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီက ထောင်ထားသည့်မိုင်းများကို တအာင်းတပ်မ တော် PSLF/TNLA ၏ မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းလျက်ရာ မြေမြှုပ်မိုင်း ၄၁ လုံး၊ ပေါင် ၃၀၀ တစ်လုံးနှင့် ပေါင် ၅၀၀ တစ်လုံးတို့ကို ယခုဧပြီးအတွင်း ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ယခု မိုင်းပေါက်ကွဲသည့်နေရာသည် ချုံပင်များထူထပ်မှုကြောင့် မိုင်းရှင်းလင်းရေးဆောင်ရွက်ရန် ခက်ခဲ သဖြင့် မိုင်းရှင်းလင်းမှုမပြုလုပ်ရသေးပဲ မိုင်းအန္တရာယ်ရှိသည့် ဧရိယာဖြစ်ကြောင်း သတိပေး စာကပ်ထားသည့်နေရာဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...