Magway News

Magway News

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဆရာဝန်မိသားစုတစ်စုလုံးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံး၊ သေဆုံးသူများတွင် ကိုယ်ဝန် ဆောင်ဇနီးသည် ရင်သွေးအပါအဝင် ကလေးငယ် ၆ ဦးရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာဝန်မိသားစုတစ်စုလုံးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံး၊ သေဆုံးသူများတွင် ကိုယ်ဝန် ဆောင်ဇနီးသည် ရင်သွေးအပါအဝင် ကလေးငယ် ၆ ဦးရှိကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးပေးခန်း ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဒေါ်ခိုင်နှင်းဝေ နှင့် သားငယ် အပါအဝင်ဆေးခန်းပြပြည်သူ ‌၈ ဦး စုစုပေါင်း ပြည်သူ ၁၂ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ဆရာဝန်ကြီးဇနီးက ကိုယ်ဝန်ကြီးနဲ့ဆုံးသွားတာ။ ဆရာဝန်ကြီးရယ်၊ ကိုယ်ဝန်ဆောင်ဇနီးသည်ရယ် မိသားစုလိုက် ၃ ဦးပဲ၊ ဆေးလာပြတဲ့ပြည်သူကလည်း ၈ ဦးသေတယ်။ ဒါက အလောင်းတွေ့ထားတာ ပဲရှိသေးတာ၊ သေတဲ့အထဲမှာကလေးငယ် ၅ ယောက်ပါတယ်။ ဒီအရေအတွက်ထက် မပိုဘူးလို့ မ ပြော ပြောမရသေးဘူး။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

ဗုံးကျဲခံရမှုကြောင့် ဆေးပေးခန်းမီးလောင် ပျက်စီးခဲ့ပြီး အနီးအနားရှိနေအိမ်များလည်း ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

 

နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြစ် မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲသတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဆရာဝန် မိသားစု လေးဦး၊ ‌ဆေးခန်းပြ မိသားစုသုံးဦး၊ ဆေးခန်းပြ မြေးအဖွားနှစ်ဦး၊ စိစစ်ဆဲက နှစ်ဦး၊ စုစုပေါင်း ၁၁ ဦး၊ ဆရာဝန်မိန်းမ ဗိုက်ထဲက ကလေးပါတွက်ရင် ကလေးလေးက ခြောက်ဦး သေဆုံးတာ ဖြစ်ပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သတ်ဖြတ် မှုကြောင့် ကန်ရွာမှအပြစ်မဲ့ပြည်သူ ၄ ဦး၊ မြစ်သာဆည်ပေါ် ၁ ဦး ၊ ထီးလင်းမြို့နယ်တွင် ပြည်သူ ၄ ဦး နှင့် ယခု နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၁၁ ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၂၀ ဦးသေ ဆုံးကာ လူဦးရေ ၄၀ နီးပါးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ဆရာဝန်မိသားစုနှင့် နှမ်းခါးကျေးရွာ၊ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံထားရမှု အား တွေ့ရစဉ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...