International News

International News

နိုင်ငံတကာအ သိုက် အဝန်းမှ ပိုမို ကြီးမားသော၊ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရှိသော ထောက်ပံ့မှု များ ကူညီပေးကြပါရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုး ထွန်း က တောင်းဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၂၂

 

မတ်လ ၁၈ ရက် နံနက် ၁၀ နာရီက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၆၉ ကြိမ်မြောက် Commission on the Status of Women (CSW) ဆိုင်ရာ အစည်းအဝေးများ ကျင်းပ နေစဉ်ကာလအတွင်း “Beijing+30: Resisting Authoritarianism and Conflict – Myanmar Women’s Fight for Rights and Equality” ခေါင်းစဉ်ဖြင့် Side Event ကျင်းပပြုလုပ်ရာတွင် ၎င်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က မတရား စစ်အာဏာသိမ်းယူခဲ့ချိန်မှစတင်၍ ပဋိပက္ခများ ဖြစ်ပွားစေပြီး နောက်ဆက်တွဲဆိုးကျိုးများပါ ဖြစ်ပေါ်လာစေခြင်းကို အလေးထားဖြေရှင်းရန် လိုအပ် သည် ဟူသော အချက်ကို ပြသရာရောက်ကြောင်း၊ Panel မှ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည့် အတိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကြေကွဲ စရာဖြစ်စဉ်မှာ (၄) နှစ်ကျော်အကြာပင် ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပမှ ပြည်သူများအနေဖြင့် စစ်တပ်နှင့် ၎င်းတို့၏ ဆက်နွယ်နေသူများက နိုင်ငံတစ်လွှားတွင် ကျူးလွန် လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် ဒုက္ခ ခံစားနေရကြောင်း၊ ယခုဆွေးနွေးနေစဉ်၌ပင် စစ်တပ်က အရပ်သားပြည်သူလူထု အပေါ်၌ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း ၎င်းက ဆက်လက်အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုများ တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စျေးများပါဝင် ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များက အဆိုပါ ရက် စက် ကြမ်းကြုတ်မှုများ၏ဒဏ်ကို ခါးစည်းခံနေရသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်အောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးရွားသော အခြေအနေကို ပြည့်စုံကုံ လုံစွာ ပြောကြားခဲ့ပြီဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုတို့ ရရှိရေး၊ မြန်မာ ပြည်သူများ၏ မျှော်မှန်းချက်ကို ဆန့်ကျင်သည့် စစ်တပ်၏ ဖိုဝါဒကြီးစိုးမှုနှင့် အာဏာရှင် စနစ်တို့ အပြီးသတ် ချုပ်ငြိမ်းရေးအတွက် မယိုင်နဲ့သော ခိုင်မာတည်ကြည်မှုကို ပြသခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြား သည်။

 

မြေပြင်ရှိ အသိုက်အဝန်း အမျိုးမျိုးနှင့် ထိရှလွယ်သောအုပ်စုများ၏ အသံများကို ကိုယ်စားပြုသည့် အသံများအား လေးလေးနက်နက် နားထောင်ရန်နှင့် မြန်မာပြည်သူများအတွက် ခိုင်မာသည့် ထောက် ပံ့ကူညီမှုများ ပိုမို စုစောင်းနိုင်ရန် တက်ရောက်လာကြသူများအနေဖြင့် လည်းကောင်း၊ ၎င်းတို့ မှတ ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရများထံသို့ တောင်းဆို ပေးကြရန် နှင့် နိုင်ငံတကာအ သိုက် အဝန်းမှ ပိုမို ကြီးမားသော၊ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရှိသော ထောက်ပံ့မှုများ ကူညီပေးကြ ပါရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆက် လက် တောင်းဆိုထားသည်။

 

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးသည် အဆိုပါ Side Event ကို ပူးတွဲ ဦး ဆောင်စီစဉ်သည့် နိုင်ငံများ အနက် တစ်နိုင်ငံ အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသမီး အခွင့်အရေး ကာကွယ် မြှင့်တင်မှုတွင် ဦးဆောင် ပါဝင်ဆောင်ရွက်နေကြသည့် GEN နှင့် အခြား မြန်မာအမျိုးသမီးအဖွဲ့များက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူ ငယ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုး ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Side Event တွင် Panelist အဖြစ် ပါဝင်ဆွေးနွေးကြသည့် အမျိုးသမီးကိုယ်စားလှယ်များက ပဋိပက္ခအား ရင်ဆိုင် ကျော်လွှားရေး နှင့် အာဏာရှင်ချုပ်ငြိမ်းရေး တော်လှန်မှုတွင် ပါဝင်ဆောင်ရွက် နေမှုနှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှ ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...