Kachin State News

Kachin State News

ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးတွင် ကျောက်တူးဖော်နေသည့် နွံကန်ပေါက်ကျပြီး ရွာအတွင်း နွံရေများဝင်ရောက်နစ်မြှုပ် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီး ကျောက်တူးဖော်နေ နေသည့် နွံကန်ပေါက်ကျခဲ့ရာ နွံရေများကျေးရွာအတွင်းဝင်ရောက်ပြီး နစ်မြှုပ်ခဲ့ကြောင်း ဒေသသ တင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့မတ်လ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ အနီးတွင် ကျောက်တူးဖော်နေသည့် ကျောက်ဖြူတောင်အောက်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုမှ နွံကန် ပေါက်ကျခဲ့ရာ နွံရေများ နမ့်မှော်ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ၊ လမ်းမများပေါ် တွင် စီးဝင်ခဲ့ကြောင်း သိရသည်။

“ကျောက်ဖြူတောင်အောက်မှာရှိတဲ့ လုပ်ကွက်တစ်ခုက ပေါက်ကျတာ၊ ကုမ္ပဏီအမည်တော့ မသိ ဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ကွက်ပဲ။ နမ့်မှော်ရွာဘုန်းကြီးနဲ့ ရွာထိပ်ကနေ စဝင်ခဲ့တာပါ၊ နွံကန်ရေ တွေက ရွာထိပ်အနိမ့်ပိုင်း နေအိမ်တွေထဲအထိဝင်တာ၊ အိမ်တဝက်အထိ နွံရေတွေဝင်ခဲ့တယ်လို့ သိရ တယ်။လာမယ့်မိုးရာသီကြရင်တော့ နမ့်မှော်ကျေးရွာက အန္တရာများတဲ့အနေအထားပါ” ဟု ဒေသ တင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ နွံကန်ပေါက်ကျမှုကြောင့် လူသေဆုံးထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းမှ နေအိမ်အချို့ စိုးရိမ်သဖြင့် ပြောင်းရွှေ့လိုက်ရကြောင်း၊ နမ့်မှော်ကျေးရွာအနီးတွင် အနည်းဆုံး ကုမ္ပဏီ လုပ်ကွက် အနည်းဆုံး ၃ ခု ထက် မနည်းလုပ်ကိုင်လျက်ရှိပြီး နွံကန်ပေါက်ကျသည့် ကုမ္ပဏီအနေဖြင့် ကျောက် လုပ်ကွက် ရပ်နားခြင်းမရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...