Kanpetlet News

Kanpetlet News

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းဖြင့် အင်အားအများအပြားဖြည့်တင်းကာ ပစ်ကူပေး ခုခံနေသော်လည်း မြို့ကိုသိမ်းပိုက်နိုင်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်

 

D Day News

ဧပြီလ ၂၄

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျက်ရှိရာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် အင်အားအများအပြားဖြည့်တင်းပြီး ပစ်ကူပေးခုခံနေသော်လည်း မြိုသိမ်းနိုင်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်၍ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ အကြမ်းဖက် စစ် ကောင်စီစခန်းကို CDF ပူးပေါင်းတပ်များနှင့် PDF တပ်တို့ ပူးပေါင်းပြီး တိုက်ပွဲစတင် ဖော်ဆောင် ခဲ့ရာ စခန်းရလုနီးအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုများ နှင့်အတူ စစ် ကူ တပ်အင်အား ထပ်မံဖြည့်တင်းခြင်းများ လုပ်ဆောင်လာသဖြင့် အနည်းငယ်နောက် ဆုတ်ပေးခဲ့ရ ကြောင်း သိရသည်။

 

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ထပ်မံ၍ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော် ဆောင်ရာ ကျင်ဒွေးမြို့နှင့် ၁ ကီလိုမီတာအကွာ အရှေ့ဘက် ကားလမ်းအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ထို့နောက် မြို့ကိုပတ်လည်ပိတ်ဆို့ တိုက်ခိုက်နေစဉ် မတ်လ ၂၃ ရက်နေ့၌  မြို့၏အရှေ့ မြောက်ဘက် ၈ ကီလိုမီတာအကွာသို့ အကြမ်းဖက်စစ်တပ်ဘက်မှ ဟတ်စကီး ၂ စီးဖြင့် ၆ ကြိမ်တိုင် အကြမ်းဖက်စစ်သား ၁ဝဝ ကျော် ထပ်မံဖြည့်တင်းကာ တပ်ကူအဖြစ်ရောက်လာသဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မတ်လ ၂၇ ရက်နေ့အထိ  ကျင်ဒွေး-ကန်ပက်လက်၊ ကျင်ဒွေး-လောင်းရှည်လမ်းဆုံ တို့၌ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျင်ဒွေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများနှင့် တပ်ကူရောက်လာသည့်အကြမ်းဖက်စစ်သားများရှိရာ ၂ နေရာစလုံးကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် အဆက် မပြတ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်းချင်းညီနောင်စစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့ များ မှ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့တွင် တပ်ကူရောက်လာသည့် အကြမ်းဖက်စစ်သားများမှာ လောင်းရှည် (ကပစ) ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြောင်း သိရ သည်။

 

ထိုနောက် ကျင်ဒွေးမြို့တွင်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်ခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့မှစ၍ အကြမ်း ဖက် စစ်ကောင်စီတပ်ဘက်မှ အင်အားထပ်မံဖြည့်တင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တန်ပြန်ပစ်ခတ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်သဖြင့် ကျေးရွာရှိ စာသင်ကျောင်းများနှင့် အရပ်သားနေအိမ်များ ပျက်စီးကာ အရပ်သား ပြည်သူ ထိခိုက်မှု များလည်းရှိကြောင်း သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့တွင် ကျင်ဒွေးမြို့၏ အနောက်တောင်ဘက် ၅ ကီလိုမီတာအကွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်က ဟတ်စကီး ၂ စီးဖြင့် ၈ ကြိမ်၊ အကြမ်းဖက်စစ်သား ၁၆ဝ ကျော်ကို ထပ်မံဖြည့် တင်းခဲ့သဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း ချင်းညီနောင်တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က အသိပေးထားသည်။

 

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ရခိုင့်တပ်တော် -AA ကလည်း အစစအရာရာကူညီပေးခဲ့ပြီး ချင်းညီ နောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသော မြို့သိမ်းတိုက်ပွဲကို လုံးဝနောက်ဆုတ်မည် မဟုတ်ဘဲ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကျရှုံးပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိ သည်အထိ အရှိန်မြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါတိုက်ခိုက်မှုကို  ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ် အစည်းအရုံး – Zomi Federal Union ၊ ချင်းအမျိုးသားအဖွဲ့ချုပ် – Chin National Organization၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) – Chin National Council (Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ – Maraland Territorial Council ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) Chin Defense Force – Kanpetlet ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) – Chinland Defense Force- Matupi တပ်မဟာ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...