Sagaing News

Sagaing News

အင်းတော်မြို့သို့ စစ်ကူပေးရန်ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃၃ ဦး သေဆုံးပြီး ၃၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၅၄ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သို့ စစ်ကူပေးရန်ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံး၍ ၃၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၅၄ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မတ်လ ၁၅ ရက်နေ့က ကသာမြို့မှ အင်းတော်မြို့သို့ စစ်ကူပေးရန်ထွက်လာသည့် ဗိုလ်-မှူ-း လင်း-ထက် ဦးစီးသော ခမရ ၁၀၆ ၊ ၃၀၉ ၊ ခလရ ၆ တပ်တို့မှ ပူးပေါင်းအင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ အင်းတော်မြိုနယ်အစပ် ကသာမြိုနယ်၊ ပင်လွတ်ရွာအနီး ပန်း တောင်ကြီး၊ ပန်းတောင်လေးတောင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၃ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ၃၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer ၁ ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး နှင့် ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ၊ KPDF ၊ ကသာခရိုင် တပ်ရင်း- ၁ ၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြိုနယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၈   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာကို ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ...