Tanintharyi News

Tanintharyi News

ထားဝယ်နည်းပညာတက္ကသိုလ်မှ စစ်သားများတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ လက်နက် ၃ လက် ရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ် ကြောင်းက ထုတ်ပြန် သည်။

 

မတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲနေထိုင်သော စစ်ကောင်စီ တပ်သားများ ဈေးဝယ်ထွက်လာ စဉ် လမ်းခုလတ်တနရောမှ စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး BA 63 (G3) အမျိုးအစား သေနတ် ၂ လက်၊ BA 64(G4) အမျိုးအစားသေနတ် ၁ လက် နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း မှ ဦးဆောင်မှုကာ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြပါရန် တိုက် တွန်းထားသည်။

 

ထို့အပြင် ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲ တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံ၍ ပူးပေါင်းပေးကြပါရန် ထပ်ဆင့် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...