Mandalay News

Mandalay News

မတ္တရာမြို့နယ်၊ ဘိုကုန်းရွာနှင့် မြကန်သာကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာတို့ကို စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၉

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုကုန်းရွာနှင့်မြကန်သာကျေးရွာအရှေ့ဘက်ရှိကျေးရွာ တို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Voice of Mandalay ထံမှ သိရသည်။

 

ယနေ့မတ်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၄ မိနစ်က မတ္တရာမြို့နယ် ဘိုကုန်းကျွေးရွာအနီးတဝိုက်သို့ မြောက်ဘက် အရပ်မှပျံတက်လာသော အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးက ဘိုကုန်း ကျေးရွာအနီးတဝိုက်သို့ ပေါင် ၁၀၀ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၁၀ နာရီ ၄၆ မိနစ်တွင် ဘိုကုန်းကျေးရွာအနီးတဝိုက်နှင့်ကျောက်တံတားကျေးရွာအနီးတဝိုက်သို့ ဂျက်ဖိုက်တာ ဖြင့် ရော့ကတ် လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီ ၄၆ မိနစ်တွင် မတ္တရာမြို့နယ်၊ မြကန်သာကျေးရွာ နှင့် ထီးတော်မိုးအထိုင် တပ်စခန်းတို့မှ မြကန်သာကျေးရွာအရှေ့ဘက်ရှိ ကျေးရွာများအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၁၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ပျက်စီးမှုရှိ ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...