Mandalay News

Mandalay News

ညောင်ဦးမြို့ ခမရ ၄၁၅ တပ်ရင်းမှ စလင်းမြို့နယ်ဘက်သို့ စစ်ကူထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၈

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ ခမရ ၄၁၅ တပ်ရင်းမှ စလင်းမြို့နယ်ဘက်သို့ စစ်ကူထွက်လာသော စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ထံ မှ သိရသည်။

 

မတ်လ ၁၆ ရက် နံနက် ၉ နာရီ အချိန်ခန့်က ညောင်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်တပ် ဖြစ်သော ခမရ (ခြေမြန်တပ်ရင်း) ၄၁၅ တပ်ရင်းမှ စလင်းမြို့နယ်ဘက်သို့ စစ်ကူထွက်လာသည့်  စစ်သားအင်အား ၆၀ ခန့်နှင့် သံချပ်ကာယာဉ်ပါ စစ်ယာဉ်တန်းကို ညောင်ဦး-ချောက် ကားလမ်းတစ် နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် သံချပ်ကာယာဉ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေ ရဲစခန်းအတွင်းသို့ ဝင်ရောက်ကာ ဆေးကုသခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူများကို ညောင်ဦးမြို့ ဘက်သို့ ဖောကား ၄ စီးဖြင့် ပြန်လည်ပို့ဆောင်စဉ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ခေါင်း ပြတ်ထွက်သေဆုံးမှုအပါအဝင် စုစုပေါင်း စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများကို ညောင်ဦးမြို့သို့ သယ်ဆောင်နေစဉ် အတွင်း ရှေ့တန်းနေရာ ကျန်ရစ်နေခဲ့သည့် စစ်သားများက မိုင်းထိပျက်စီးသွားသော သံချပ်ကာ စစ်ကားကို ပြင်ဆင်နေခဲ့ကြောင်း၊ ညနေပိုင်းတွင် ပြင်ဆင်ပြီးသွားသဖြင့် စလင်းမြို့နယ်ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Bagan Bo Cho PDF နှင့် မဟာမိတ်တပ်များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ထံမှ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအနီး၌ အထိုင်ချထားသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအနီး၌ အထိုင်ချထားသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း...