Magway News

Magway News

စလင်းမြို့နယ်တွင် စစ်အင်အားဖြည့်တင်းရန် ထွက်လာသည့် သံပြားကာ စစ်ကား ၁ စီးကို ကြား ဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၈

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သံပြားကာ စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် – BAMAR ARMY က ထုတ်ပြန်သည်။

 

မတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ကစလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ဘက်သို့ အင်အားဖြည့်တင်း ရန် မောင်းနှင်လာသည့် အကြမ်းဖက်စစ်သား အင်အား ၂၀ ဦးခန့်ပါ သံပြားကာ ကား ၁ စီးကို ဗမာ့ တပ်တော် (BAMAR ARMY) ၏ အမှတ် ၇၀၇ တပ်ရင်းမှ ကြားဖြတ် ဖြတ်တောက် ဟန့်တား တိုက် ခိုက် ခဲ့ရာ စစ်သား ၁ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးသွားပြီး ၁ ဦး လက်ထိမှန်ဒဏ်ရာအပါအဝင် စစ် သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် သံပြားကာ ကားနှင့် အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်သည် စလင်းမြို့မှ ဆင် ဖြူကျွန်းမြို့ဘက်သို့ အင်အားဖြည့်တင်းရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မတ်လ အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့နယ်အတွင်းသို့ အင်အားအများအပြားဖြင့် စစ် ကြောင်းထိုးခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စစ်ကြောင်းထိုးရာတွင် တင့်/ သံချပ်ကာကားများ၊ Mi-35 ရဟတ်ယာဥ်၊ ရေကြောင်းမြစ်တွင်း သွားလာသော စစ်သင်္ဘောအကူများ၊ ခြေလျင်စစ်ကြောင်းများ စသည့်တို့ပါဝင်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက နေ့စဉ် ရက်ဆက် တိုက်ခိုက် ချေမှုန်းနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများနေသောကြောင့် အင်အားများကို ထပ်မံဖြည့်တင်းနေခြင်းဖြစ်ကြောင်း ဗမာ့ တပ်တော် (BAMAR ARMY) ထံမှ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက် မှု အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများ ကိုတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင်...