Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က ထပ်မံဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည် သူများထံက သိရသည်။

 

ယနေ့မတ်လ ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာ ဆန် စက် နောက်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးကာ ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာဆန်စက်နောက်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာ၊ ကနဦး ပြည်သူ ၃ ဦးသေဆုံးတာ အ တည်ပြုပြီးပြီ။ ၆ ဦးလောက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းရထားတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

မတ်လ ၁၄ ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုက အဆိုပါ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၄ လသား ကလေးသူငယ် ၁ ဦးအပါအဝင် ကလေးသူငယ် စုစု ပေါင်း ၆ ဦးနှင့် အရွယ်ရောက်ပြီးသူ အရပ်သားပြည်သူ ၂၁ ဦး စုစုပေါင်း ၂၇ ဦးသေဆုံးပြီး အများ အ ပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လေက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ် အလုံး ၅၀ ကျော်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်း ၊လက်နက်ကြီးဖြင့်...