Magway News

Magway News

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် မြိုင်မြို့နယ် ၊ တွင်းမပျူရွာစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် မြိုင်မြို့နယ်၊ တွင်းမပျူရွာ အထိုင်စခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူရွာစစ်တပ်စခန်း ကို Rocket လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၇ လုံးမှာ စစ်များနေ ထိုင်ရာ အဆောက်အအုံပေါ်နှင့် ကားကင်းစခန်းတို့တွင် ကျရောက်ပေါက်ကွဲပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ၊ စစ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ တွင်းမပျူရွာစစ်တပ်အထိုင်စခန်းကို Rc plane လေယာဉ် ၃ စီးဖြင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေ အတွက် အတိအကျ သိရှိခြင်းမရှိသေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နယ်ခံ ပကဖ များ ၊ မြိုင်ပကဖ ၊ ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) ကိုဆုံကြီး အဖွဲ့ ၊ PLC ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု ၊Black Cobra Force Pakokku နှင့် ကမ္မတပ်ပေါင်းစု တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၄ ခုတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံး သီး အလုံး ၁၀၀ ကျော်ဖြင့် တိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ်...