Bago News

Bago News

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေပြီး သစ်တောသယံဇာတများ ခိုးထုတ်နေသဖြင့် မော်တော်ယာဉ် များနှင့် ကျွဲ၊နွားများ သွားလာခြင်းမပြုကြရန် အုတ်ဖိုမြေအောက်ပြောက် ကျားတပ်ဖွဲ့ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း စစ်တပ် စစ်ကြောင်းထိုးနေပြီး သစ် တော သယံဇာများခိုးယူနေသဖြင့်မော်တော်ယာဉ်များ ၊ ကျွဲ ၊နွားများဖြတ်သန်းသွားခြင်းမပြုကြပါရန် အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

 

မတ်လ ၁၆ ရက်နေ့မှစ၍ အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ စစ်ဆင်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ် များ စစ်ကြောင်းထိုးနေပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် မတ်လ ၁၆ ရက်မှ စတင်၍ မော်တော်ယာဥ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ၊ နွားများ သွားလာခြင်းမပြုကြ ရန် တားမြစ်လိုက်ကြောင်း အသိပေးထားသည်။

ထိုသို့ တားမြစ်ချက် ထုတ်ပြန်ရခြင်းသည် စစ်ဆင်ရေးများ​ကြား ပြည်သူများ မထိခိုက်စေရန်နှင့် သစ် တော သယံဇာတများအား တရားမဝင် ခိုးထုတ်နေ့ စစ်ကောင်စီနှင့်အပေါင်းပါများကို ထိထိရောက် ရောက် အရေးယူနိုင်ရန် အတွက်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာပေးကြ ပါရန် မေတ္တာရပ်ခံထားသည်။

 

အုတ်ဖိုမြောက်အောက် ပြောက်ကျားတပ်ဖွဲ့အနေဖြင့် သစ်တောသယံဇာတများအား ကာကွယ် ထိန်း သိမ်းနေသလို စစ်ကောင်စီအတွတ် ဝင်ငွေ ရှာဖွေပေးနေသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်း ဆီးအရေးယူနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ထို့ကြောင့် ဂိတ်ကြေး (ဆက် ကြေး) ကောက်ခံခြင်း၊ သစ်ခိုးထုတ်ခြင်းများ လုံးဝ (လုံးဝ) လုပ်ဆောင်ခြင်း မရှိကြောင်း နှင့် အခြား တော်လှန်ရေး အဖွဲ့အစည်းများ လုပ်ဆောင်ခြင်းကိုလည်း လက်မခံကြောင်း ဆက်လက် အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...