TNLA News

TNLA News

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ရဟန်း၊ သာမဏေ ၆ ပါးအပါအဝင် စုစုပေါင်း ၉ ဦးသေဆုံး၊ ကျောင်းတိုက်ထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စိန်ရတနာ ယရိယတ္တိစာသင်တိုက်ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း၊ သာမဏေ ၆ ပါးအပါအဝင် စုစုပေါင်း ၉ ဦး သေဆုံးခဲ့ပြီး ကျောင်းတိုက်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

 

ယမန်နေ့ မတ် ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က တအာင်းပြည်၊တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့ ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံးကြဲချပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပရိယတ္တိစာသင်တိုက်အတွင်းရှိ ရဟန်း ၂ ပါး ၊ သာမဏေ ၄ ပါး ၊ ပြည်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၉ ဦး ဗုံးစထိမှန် သေဆုံးခဲ့ ကြောင်း၊ ထို့အပြင် သံဃာတော် ၁၃ ပါး ၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင်အများအပြားနှင့် ပြည်သူလူထုနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ကူညီကယ်ဆယ်ကာ ဆေးကုသရန် ပိုဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ဗုံး ကြဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်အတွက် စစ်ရေးသတိအမြဲရှိရန်၊ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လေကြောင်း ရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...