TNLA News

TNLA News

နောင်ချိုမြို့ကို စိန်ရတနာ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ စက်သေ နတ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ အများအပြား ထိခိုက်ပြီး ဘုန်းကြီးကျောင်းစာသင်တိုက်နှင့် နေအိမ်အများအပြား ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ကိုအကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အများအပြား ထိခိုက်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

 

ယနေ့မတ်လ ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးကြဲချပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုအများအပြား ထိခိုက်မှုရှိပြီး နေအိမ်နှင့် ဘုန်း ကြီးကျောင်းဆောင်လည်း အများအပြား ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုနောက် ဆုံး အခြေအနေကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြည်သူ ၄ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က...