Bago News

Bago News

ကြို့ပင်ကောက်တွင် ပလုံကောက်ပြီး PDF သတင်းထောက်လှမ်းနေသည့် တပ်ကြပ်ကြီး ၁ ဦးကို အသေဖမ်းမိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

ပဲခူးတိုင်း၊ သာယာဝတီရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးအုပ်စု ဥယျာဉ်ကြီး ကျေးရွာအနီး တွင် ပလုံကောက်ပြီး PDF သတင်းထောက်လှမ်းနေသည့် တပ်ကြပ်ကြီး ၁ ဦးကို အသေဖမ်းမိခဲ့ ကြောင်း Yoma GBK PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့မတ်လ ၁၅ ရက် မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးအုပ်စု ဥယျာဉ်ကြီး ကျေးရွာအနီး သာယာဝတီ ခရိုင်တပ်ရင်း (3801) တပ်ခွဲ -1YOMA (GBK PDF တပ်ဖွဲ့ဝင်များမှ လုံခြုံ ရေးအရ စစ်ဆေးနေစဉ် အကြမ်းဖက်စစ်ကောင်စီ တကက ဇေယျာထက်ဆိုသူသည် ပလုံကောက် သည့် ပြည်သူအသွင်ဟန်ဆောင်ကာ ချဉ်းကပ်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ချဉ်းကပ်လာသဖြင့် စစ်ဆေးရာ ၎င်း၏ ဖုန်းအတွင်းမှ စစ်သင်တန်းဆင်းပုံနှင့် အကြမ်းဖက်စစ် ကောင်စီတပ် ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်ထားသည့် ပုံတွေ့ရှိပြီး မေးမြန်းစဉ် ခုခံ ထွက်ပြေး သွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရဿည်။

 

သေဆုံးသူ တကက ဇေယျာထက်သည် ကြိုပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူများကို နိုင်ထက် စီးနင်း ညှင်းပန်းနှိပ်စက် အဓမ္မ ဆက်ကြေးကောက်ခံနေသော အေးမင်းဦး၏ တပည့်အရင်း ဖြစ် ကြောင်း သိရသည်။

 

သေဆုံးသူ တကက ဇေယျာထက်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးသိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...