Magway News

Magway News

မြိုင်မြို့နယ်၊ ဝယ်တောင်ရွာနှင့် ဆူးဝင်းရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်ကြီးတစ်ပါး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၅ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝယ်တောင်ရွာနှင့် ဆူးဝင်းရွာကို စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ကိုရင်ကြီးတစ်ပါးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့်နေအိမ် ၅ လုံးပျက်စီး ခဲ့ကြောင်း We Love Myaing ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၄ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မြိုင်မြို့နယ် အနောက်ပိုင်း ဆူးဝင်းရွာ၊

ဝယ်တောင်(တ) ရွာ ဘုန်းကြီးကျောင်းနှင့် ဝယ်တောင်(တ)ရွာ မြောက်ပိုင်းကို မကွေးလေ တပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် စု စုပေါင်း ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆူးဝင်းရွာတွင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေ အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဝယ်တောင် (တ) ရွာတွင် သက်တော် ၃၀ ကျော်အရွယ် ကိုရင်ကြီး ၁ ပါးနှင့် အသက် ၂၀ ကျော်ရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီး ၁ ပါး၊ ကိုရင် ၃ ပါး၊ နှင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ် ရာရရှိကာ ဘုန်းကြီးကျောင်းတစ်ခုလုံးမီးလောင်ပြိုကျခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဝယ်တောင် (တ) ရွာ မြောက်ပိုင်း၌လည်း ပြည်သူ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...