Bago News

Bago News

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်သားများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာရှိ ပြည်သူ့ နေအိမ်များကို မီးရှို့နေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်းထံမှ သိရသည်။

 

မတ်လ ၁၃ ရက် ည ၇ နာရီ ၁၀ မိနစ်က ရေတာရှည်မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် အင်အား ၆၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်သားများသည် ပြည် သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို တော်ဝင်လျှပ်စီး စစ်ကြောင်း – RTC  နှင့်အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ရေတာရှည်ပကဖအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...