KNU News

KNU News

ထိုင်း -မြန်မာနယ်စပ်ရှိ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ၊ ထိုင်းနိုင်ငံဘက်သို့ စစ်သား ၁၁ ဦးထွက်ပြေး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့ နယ်အတွင်းရှိ ခလရ ၃၁ ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းအား သိမ်းပိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မတ်လ ၁၄ ရက် နေ့က ပိုင်ကျုံမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား သော ခလရ ၃၁ ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ တိုက်ပွဲကာလအတွင်း စစ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူ ၁၁ ဦးအနက် ၃ ဦး ဒဏ်ရာရရှိပြီး ၎င်းတို့နှင့်အတူ လက်နက် ငယ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ အတူပါရှိသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မ ဟာ ၇ ၊ တပ်ရင်း ၂၂ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – ပူးလူးတူစခန်း သိမ်းပိုက်ရရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...