Sagaing News

Sagaing News

ရွှေဘို -ရေဦးလမ်းပေါ်တွင် ရိက္ခာထုတ်ပြီး ပြန်လာသော ပျူကား ၃ စီး တိုက်ခိုက်မှု စစ်သား၊ ပျူများ ထွက်ပြေးသွားပြီး ကားပေါ် စာအုန်းဆီ ၁ ပေကျော် သိမ်းဆည်းရရှိ၊ ကားကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးလမ်းပေါ်တွင် ရိက္ခာထုတ်ပြီးပြန်လာသော ပျူကား ၃ စီး ကို တိုက်ခိုက်ခဲ့ရာ ကားလမ်းဘေးထိုးကျပြီး ကားပါ်ပါ စစ်သား၊ ပျူများ ထွက်ပြေးသွားကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၄ ရက် ညနေ ၃ နာရီ မိနစ် ၄၀ ကရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်းပျူရွာ ၊ ပန်းရံ ပျူရွာ နှင့် ဇီးကုန်းလေးပျူရွာမှ စစ်သား၊ ပျူအင်အား ၅၀ ကျော်သည် ကား ၃ စီးဖြင့် ရွှေဘိုမြို့တွင်းသို့ ရိက္ခာ သွားရောက်ထုတ်ယူခဲ့ကြောင်း၊ ထိုသို့ ရိက္ခထုတ်၍ ပြန်လာသော ကားများကို ရွှေဘို – ရေဦး လမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူများ စီးနင်းလာသော ကားမှာ လမ်းဘေးရေမြောင်းအတွင်း ထိုး ကျသွားပြီး ကားပေါ်ပါ စစ်သား၊ ပျူများ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း၊ ကားပေါ်တွင် သွေး စက်များလည်း တွေ့ရှိရပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

တိုက်ပွဲသည် ညနေ ၄ နာရီ ၄၅ မိနစ်အထိ ၁ နာရီနီးပါး ကြာမြင့်ကာ ရေမြောင်းအတွင်း ထိုးကျသွား သော ကားပေါ်မှ စားအုန်းဆီ ပေပါ ၁ လုံး ၊ (၁၀) ဂါလံဝင် စားအုန်းဆီ (၆) ပုံးတို့ကို သိမ်းဆည်းရရှိခဲ့ ပြီး လမ်းဘေးမြောင်းအတွင်းထိုးကျသွားသောကားအား အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်ရန် မလွယ်ကူသဖြင့် မှတ်တမ်းများရယူ၍ မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက် ရေးအဖွဲ့ (PDO) မှ ဦးဆောင်ကာ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် ဂဠုန်ကြီး ပကဖ၊ ဘီ လူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ နှင့် တဂဏနဂါးမင်း ပကဖအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ် ပကဖက ထုတ်ပြန်သည်။  ...