CDM News

CDM News

ခလရ ၁၉ မှ တကက ကြီးတစ်ဦး အပါအဝင် ၆ ဦး လက်နက် ၁ လက်နှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၄

 

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ ၁၉ တပ်ရင်းမှ တကကကြီး ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက် ၁ လက်ဖြင့် အလင်းဝင်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ရေးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၉ တပ်ရင်းမှ တကက ဇူလှိုင်ဌေး ၊ တသ စောပြည့်ဟိန်း ၊ တသဝေယံထွဋ် ၊ တသခွန်အေးနိုင်စိုး ၊ တက ကျော် သက်ဦး နှင့် တသ ဝေမင်းပိုင် တို့သည် ရေးဘီလူးတပ်ဖွဲ့ထံဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ရာတွင် တကကကြီး ဇူလှိုင်ဌေးသည် ၎င်းကိုင်ဆောင်သော MA3 အမျိုးအ စား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ဘောက် ကျည်အတောင့် ၆၀ ယူဆောင်လာခဲ့သဖြင့် ရေး ဘီလူးတပ်ဖွဲ့က ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်သား၊ ရဲ နှင့် စကစအပေါင်းပါများ အနေဖြင့် မိဘပြည်သူများ လိုလားသော ဒီမိုကရေစီ နိုင်ငံတော်အသစ်တစ်ရပ်ကိုထူထောင်ရေးတွင် အတူ တကွ ပူးပေါင်းပါဝင်ပေးကြပါရန် ရေးဘီလူးတပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု သားအဖ ၂ ဦး သေဆုံးပြီး နေအိမ် ၅ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို...