Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်တွင် ဒဏ်ရာရ ရဲ၊ ပျူစောထီးများကို ဆေးရုံသို့ဆောင်စဉ် ထပ်မံ မိုင်းခွဲတိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒဏ်ရာရ ရဲ၊ ပျူစောထီးများကို ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာစာသင်ကျောင်း၌ မိုင်းဆွဲခံရ ပြီး ဒဏ်ရာရရှိသော မြင်းစီးကျေးရွာမှ ရဲ ၃ ဦးနှင့် ပျူစောထီး ၃ ဦးကို ရွှေဘိုမြို့ဆေးရုံသို့ ပို့ဆောင် မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းများအသင့်ပြင်ဆင် စောင့်ဆိုင်းနေခဲ့ပြီးမင်းပေးကျေးရွာနှင့် တည်သီးတောပျူရွာကြားအရောက် နင်းမိုင်း ၂ လုံးဖြင့် တစ် ကြိမ် မင်းပေးကျေးရွာ အနောက်ဘက်၌ တိုက်မိုင်း ၁ လုံးဖြင့်တစ်ကြိမ် မင်းပေးကျေးရွာနှင့် ထနောင်း ကိုင်းကျေးရွာကြား၌ တိုက်မိုင်း ၂ လုံးဖြင့်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် တည်သီးတောပျူရွာသို့ ရောက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်ဗိုလ်နှင့် ပျူစောထီး ဖိုးဖြူ ပွဲချင်းပြီး သေးဆုံးကာ ပျူစောထီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံ ရမှု ကြောင့် ဒဏ်ရာရရှိသူ ရဲ၊ ပျူစောထီးများနှင့် ထပ်မံဒဏ်ရာရရှိသူများ ကိုလည်း ရွှေဘိုမြို့ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ စစ်ကူပေးရန် ဇီးဖြူကုန်း​ပျူရွာမှ ထွက်လာသည့်အကြမ်းဖက်စစ်သားများကိုလည်း မြို့လှ ကျေးရွာအရှေ့ဘက်၌ တိုက်မိုင်း ၃ လုံးဖြင့် သုံးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  ဗိုလ်ဂျပန်ကြီး -T.T.T-Shwe Bo ပြည်သူကာကွယ်ရေးအဖွဲ့၊  ဗိုလ်ကျားရိုင်း – ရွှေဘိုပြည်သူကာကွယ်ရေးအဖွဲ့၊ GOLDEN EAGLE-ZBG အဖွဲ့ ၊မိုးကြိုးမုန်တိုင်းအဖွဲ့၊ မင်းခေါင်အဖွဲ့ နှင့် ကြီးလေးကြီးအဖွဲ့ Bo Ba Taw အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး အဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဗိုလ်ဂျပန်ကြီး Shwe Bo ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် မိုင်းအင်အားနည်းနေပြီဖြစ်ပြီး မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...