Political News

Political News

NLD ပါတီက ခန့်အပ်ခဲ့သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက ရာထူးမှ အနားပေးကြောင်း ကြေညာ

 

D Day News

ဧပြီလ ၂၂

 

NLD ပါတီမှ ရွေးချယ်ခန့်အပ်ခဲ့သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက ရာထူးမှ အနားပေးလိုက်ကြောင်း ယနေ့ ဧပြီလ ၂၂ ရက် နေ့စွဲဖြင့် ကြေညာထားသည်။

 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နေအိမ် အကျယ် ချုပ်သဘောဖြင့် ထိန်းသိမ်းထားကာ ၂ နှစ်ခွဲနီးပါး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး ၂၀၂၃ အကြမ်း ဖက် စစ်ကောင်စီသက်တမ်းတိုးသည့်အချိန်တွင် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး သို့ တက်ရောက်လာရာ လူမြင်ကွင်းရှေ့သို့ ပြန်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်မှုကြောင့် ဦးဟင်နရီဗန်ထီးယူကို NLD ပါတီက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရားဝင် ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

 

အသက် ၆၅ နှစ်အရွယ် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည် နယ် အမျိုးသားလွှတ် တော် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်သည်။

 

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပယ်ခံခဲ့ရသည့် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူသည် စစ်တပ် တွင် ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
MNDAA ၊TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပေးတော့မည် မဟုတ်ဟု UWSA တပ်ဖွဲ့က ခေါ်ယူပြောဆို

MNDAA ၊TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပေးတော့မည် မဟုတ်ဟု UWSA တပ်ဖွဲ့က ခေါ်ယူပြောဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် MNDAA ၊ TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်း ငွေကြေးထောက်ပံ့တော့မည် မဟုတ်ဟု UWSA “ဝ” တပ်ဖွဲ့က ခေါ်ယူပြောဆိုထားကြောင်း “ဝ” TV သတင်းက ကြေညာသည်။ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က...