Pauk News

Pauk News

ဖလံကိုင်းနယ်မြေရဲစခန်းကို စွန့်ခွာထွက်ပြေးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

ဧပြီလ ၂၂

 

မမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းကို စွန့်ခွာထွက်ပြေးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myaing Supporting Battalion – MSB ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ(၂၁)ရက်နေ့က ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဖလံကိုင်း ရေနံမြေစခန်းမှ စခန်းစွန့်ခွာ လာသော စစ်ကြောင်းကို ပေါက်မြို့နယ်၊ ဆေးပင်ကြီးကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်း တပ် ဖွဲ့များက အသင့်စောင့်ဆိုင်း၍ ချုံခိုတိုက်ခိုက်ခဲ့ရာ ၂ နာရီကြာ ထိတွေ့ခိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်တပ် လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ဦး သေဆုံးကာ ၃ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် (၇) ဦး ထိခိုက်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Myaing Supporting Battalion (MSB) – မြိုင်ထောက်ပို့တပ်ရင်း၏ တပ်ရင်း ၄ ရင်းဖြစ်သော ပခုက္ကူခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၆)တပ်ရင်း၊ အမှတ်(၇) တပ်ရင်း၊ အမှတ် (၁၇) တပ်ရင်းတို့အပြင် ပခုက္ကူခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ် (၁၄)တပ်ရင်း၊ မြိုင် မြို့ နယ် ပ.က.ဖ နှင့် ပေါက်မြို့နယ် ပ.က.ဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Myaing Supporting Battalion – MSB အနေဖြင့် ရှေ့တန်းရဲဘော်များအား ကျည်ကာဝတ်စုံများ တပ်ဆင်ပေး နိုင်ရန် “နံ့သာမြိုင်ကမ်ပိန်း” ကို မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိပြုလုပ် လျက်ရှိရာ ၅၀ ရာခိုင်နှုန်းပင်မရရှိသေးသဖြင့် မိဘပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြ ပါရန် မေတ္တာရပ်ခံထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...