Sagaing News

Sagaing News

ထီးချိုင့်မြို့နယ်၊ ကွင်းကြီးလမ်းဆုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရရှိ၊ ဓာတ်ဆီဆိုင်ပြာကျကာ နေအိမ် ၅ လုံးလည်း ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၉

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးလမ်းဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဓာတ်ဆီဆိုင် ပြာကျကာ နေအိမ် ၅ လုံး လည်း ပျက်စီးခဲ့ကြောင်း Tigyaing Revolution – TR ထံမှ သိရဿည်။

 

ယမန်နေ့ မတ်လ ၈ ရက် ညနေ ၅ နာရီ ၁၁ မိနစ်နှင့် ၅ နာရီ ၁၈ မိနစ်တို့တွင် ထီးချိုင့်မြို့နယ်၊ ကွင်း ကြီးလမ်းဆုံကို မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချခဲ့ရာ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျွဲ ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်သုံးဆီဆိုင် မီးလောင်ပြာကျခဲ့သည့်အပြင် နေအိမ် ၅ လုံးခန့်လည်း ဗုံးစထိမှန် ပျက်စီးခဲ့ ကြောင်း သိရသည်။

 

“ကျနော်တို့ ရွာထိပ်က ကုက္ကိုပင်အနီးလမ်းဆုံကို ဗုံးတစ်လုံးချတယ်။ အဲဒီမှာ စက်သုံးဆီဆိုင် ၁ ဆိုင် မီးလောင်တယ်။ ကျွဲသုံးကောင်သေတယ်။ နောက်ထပ်တစ်လုံးက ကွင်းကြီးရွာနဲ့ ပေါက်ကုန်းရွာ ကြားမှာရှိတဲ့ စိုက်ပျိုးရေးစင်တာအနီးလယ်ကွင်းထဲကို ချသွားတယ်။ ဗုံးကြဲချသွားတဲ့ နေရာ တွေမှာ ကျင်းအကြီးကြီးတွေ ဖြစ်နေခဲ့တယ်။ ရွာတွေထဲချမသွားလို့ ကံကောင်းသွားတယ်” ဟု ဒေသနေပြည် သူတစ်ဦးက ပြောကြားသည်။

 

လေယာဉ်ဗုံးဖြင့် ကျဲခံရသည့် နေရာအနီးတွင်ရှိနေသော ကွင်းကြီးရွာသည် အိမ်ခြေ ၂၀၀ ရှိသော ကျေးရွာဖြစ်ပြီး စစ်တပ်၏ ဗုံးကျဲမှုကြောင့် ဒေသခံ ပြည်သူအများစုဟာ နေရပ်စွန့်ခွာ နေကြရ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း မေလ ၂၃   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်...