Poem

Poem

ကဗျာကဏ္ဍ “ကိုယ့်လူသည်သာ”

 

ပျိုးကြဲလက်

 

တပ်မတော် ကိုးစားရတဲ့

ပါတီက နိုင်ငံကျော် ။

 

အသရေ တကယ်တိုးမကွယ့်

ပြည်ခိုင်ဖြိုးနော် ။

 

အင်အားက ဆယ်သန်းကျော်

ထင်ပေါ်တယ် အံ့မခန်း ။

 

တိုင်းပြည်ကို တကယ်ချစ်ရင်

စစ်မှုသာထမ်း ။

 

ရှေ့တန်းမှာ အသွင်သစ်နဲ့

ပြည်ချစ်တဲ့ ပါတီဝင် ။

 

ဆယ်ယောက်မှာ တယောက်ပဲ

စစ်ထဲဝင်ရင် ။

 

အာဆီယံ နယ်တခွင်

စစ်အားအင် အတောင့်ဆုံး ။

 

တသန်းကျော် စစ်အင်အားနဲ့

မော်ကြွားမယ့်ထုံး ။

 

စိတ်ကူးတွေ မလွဲနဲ့ကွယ့်

ဆွဲကြဟဲ့ ပါတီဝင်။

 

လူရင်းကို လက်နက်ပေးမှ

စိတ်အေးပေါ့ရှင် ။

 

သူစိမ်းတို့ ပြေးကြရင်

လက်နက်ပင် ဆုံးသေး ။

 

စစ်မှုထမ်းကို သေချာတွေးလို့

ရွေးကြစို့လေး ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီ ၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...