CDM News

CDM News

မိတ္ထီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် ၊ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မ ၉၉ အောက်ခံ စစ်မှုထမ်း တပ် သား ၁ ဦးလက်နက်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်း က ထုတ်ပြန်သည်။

 

မတ်လ ၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းခံရသူ အသက် ၃၂ နှစ်အရွယ် တပ်မ ၉၉ လက်အောက်ခံတပ်သား ၁ ဦး သည် ၎င်းကိုင်ဆောင်ခွင့်ရသော MA1 အမျိုးအာစားသေနတ် ၁လ က်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၉၆ တောင့် ၊ ရေဗူး ၁ ဗူး၊ အီကွေ့မန့် ၁ ခု ၊ အင်္ကျီ ၁ ထည် နှင့် စစ်ဖိနပ် ၁ ရံ တို့ကို ယူဆောင်လာကာ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းထံ ဆက်သွယ်၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသည့် စစ်မှုထမ်းစစ်သားကို မင်းဘူးခရိုင်၊ အမှတ် ၂ တပ်ရင်း တာဝန်ရှိသူများက စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံကာ ဂုဏ် ပြု ဆုငွေ ချီးမြှင့်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရပြီး လက်နက်ဖြင့်အလင်းဝင်ရောက်လာသူ တပ်သားသည် မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်သားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့် လက်နက်ချ၍ ပြည်သူလူထုဘက်သို့ ကူးပြောင်း ခိုလှုံကြရန် နှင့် ထိုသို့ ခိုလှုံလာသူများကို မင်းဘူးခရိုင်၊ အမှတ်၂ တပ်ရင်းမှ ကောင်းမွန်စွာ လက်ခံကြို ဆိုသွားမည်ဖြစ်ကြောင်း၊ လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ် ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...