KNDF News

KNDF News

ခွဲခြားဖိနှိပ်မှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကိုတိုက်ဖျက်ကာ Gender တန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမည်ဟု KNDF ကတိပေး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

ခွဲခြားဖိနှိပ်မှုကင်းပြီး ဖိနှိပ်မှုမှန်သမျှကိုတိုက်ဖျက်ကာ Gender တန်းတူရေးကို အလေးပေးသည့် ပြည်နယ် တပ်အဖြစ်တည်ဆောက်သွားမည်ဟု KNDF တပ်ဖွဲ့ကကတိပေးထားသည်။

 

ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအ မှတ် အဖြစ်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီး ရဲဘော်များအတွက် သတင်းစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

KNDF တပ်တွင်းရှိ အမျိုးသမီးများ၏ တော်လှန်ရေးကို လေ့လာကြည့်ပါက တိုက်ခိုက်ရေးနှင့် စစ်ရေး ပဋိပက္ခအတွင်း တော်လှန်ရေးကို တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီနေကြသည်သာမက စစ်ပုံကျ ဖို ဝါဒ စနစ်အတွင်း တန်းတူညီမျှမှုရှာဖွေခြင်း၊ လူသားချင်းစာနာထောက်ထားရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ မိသားစုအရေး စသည့်ကဏ္ဍအသီးသီးတွင် တတ်စွမ်းသမျှ ပါဝင်ကူညီခြင်းတို့လည်း တွေ့ရှိရ ကြောင်း၊ ဤသည်မှာ အမျိုးသမီးတို့၏ ဂုဏ်သိက္ခာကြီးမားသည့် တော်လှန်ရေး လက္ခဏာ တရပ်ပင် ဖြစ်ကြောင်း အသိပေးထားသည်။

 

ယနေ့မှစ၍ နောင်အနာဂတ်တွင်လည်း ခွဲခြားဆက်ဆံမှုကင်းပြီး၊ ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်ကာ ဂျဲန်ဒါတန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး အတွက် ဂျဲန်ဒါ တန်းတူညီမျှရေးဌာနမှ KNDF အတွင်းရှိ ရဲဘော်အားလုံး၏ ဖေးမခွန်အားများဖြင့် ဆက်လက်ကြိုး ပမ်း သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...