Bago News

Bago News

ဝေါမြို့နယ်၊ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်ပကဖက သတင်းထုတ်ပြန်ထားသည်။

 

ယနေ့ မတ်လ ၈ ရက် နံနက်စောပိုင်း ၃ နာရီခန့်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့ တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုအခြေအနေအသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် (ပကဖ)အဖွဲ့နှင့် ကဝမြို့နယ် (ပကဖ)အဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝေါမြို့နယ်(ပကဖ)အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏စစ်ရေး ပစ်မှတ်များကို ဆက်လက်၍ တိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ဆေးရေးဂိတ်များ၊စခန်းများ အနီး တဝိုက်တွင် နေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊...