NUG News

NUG News

နွေဦးတော်လှန်ရေးတိုက်ပွဲဝင်ရင်း အမျိုးသမီး ၂ ထောင်နီးပါး ကျဆုံးထားပြီး နိုင်ငံတကာအသိုင်းအ ဝန်း အနေဖြင့် အမျိူးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ တန်းတူညီမျှမှု အခွင့်အရေးနှင့် အ မျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့အတွက် ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင် ပေးကြရန် NUG ယာယီသမ္မတတိုက်တွန်း

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

နွေဦးတော်လှန်ရေးတိုက်ပွဲဝင်ရင်း အမျိုးသမီး ၂ ထောင်နီးပါး ကျဆုံးထားပြီး နိုင်ငံတကာ အသိုင်း အ ဝန်း အနေဖြင့် အမျိူးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ တန်းတူညီမျှမှု အခွင့်အရေးနှင့် အ မျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း တိုအတွက် ထိရောက်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင် ပေးကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းပြောကြားသည်။

 

ယနေ့ မတ်လ ၈ ရက် နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။

 

နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်တပ်က လူမဆန်စွာဖမ်းဆီးချုပ်နှောင် အကျဥ်းချခံရသည့် အမျိုးသမီး အရေအတွက်မှာ ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ် ထိ အရွယ်ရောက်ပြီးအမျိုးသမီး ၅,၉၅၂ ဦး ရှိပြီး ဖမ်းဆီးခံရဆဲအမျိုးသမီးများထဲမှ ၂,၃၂၉ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်ကြောင်း၊ ပြစ်ဒဏ် ချမှတ်ခံထားရသူ များထဲတွင် သေဒဏ်ချမှတ်ခံထားရသူ ၁၆ ဦး၊ ထောင်ဒဏ်တစ်သက် ချမှတ်ခံထား ရသူ ၅၈ ဦး ပါဝင်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသူအမျိုးသမီးမှာ ၁,၉၆၅ ဦးရှိပြီး ထို စာရင်းဇယားအရ နွေ ဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အနစ်နာခံ ပေးဆပ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

 

ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “For All women and Girls; Rights, Equality, Empowerment” ဖြစ်ပြီး အမျိုးသမီးများ ကိုယ်တိုင် ဦးဆောင်ပါဝင်ကာ အမျိုး သမီးများ၏ အခွင့်အရေး၊ တန်းတူညီမျှနှင့် လုပ်ပိုင်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ကြ ရမည်ဖြစ်သလို အဖွဲ့အစည်း အသီးသီးမှလည်း ပံ့ပိုးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အသိပေးထား သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လိင်ပိုင်းဆိုင်ရာထိပါး‌နှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ(PSHEA)၊ ဂျဲန်ဒါတန်းတူရေး မူဝါဒ (Gender Equality Policy) ကို အတည်ပြုထုတ်ပြန်ပြီးဖြစ်သလို စတင်ကျင့်သုံးအကောင် အထည် ဖော်လျက်ရှိသည်ဟု ဆိုသည်။

 

နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် အမျိူးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ တန်းတူညီ မျှမှု အခွင့်အရေး နှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း တိုအတွက် ထိရောက်သော ပံ့ပိုး ကူညီ မှုများ လုပ်ဆောင်ပေးကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

 

ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသမီး အခွင့်အရေးနှင့် ကျားမတန်းတူညီမျှရေး တို့အတွက် အသိအမြင် မျှဝေရေး လှုပ်ရှားမှုများကို နှစ်စဥ်ကျင်းပလေ့ရှိပြီး ကမ္ဘာ့သမိုင်းတွင်သာမက မြန်မာ့သမိုင်း အဆက် ဆက် နိုင်ငံ‌ရေးအရွေ့တိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှု အားထုတ်မှုများသည် ယနေ့ကဲ့သို့ ဂုဏ်ယူ ဖွယ်နေ့ ကျင်းပရခြင်း၏ အကြောင်းရင်းခံဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုကြည့်လျှင် ၁၉၀၀ ခုနှစ်များ ဆီက မတရားဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများကို တုန့်ပြန်တွန်းလှန်ရန်အတွက် စိန်ခေါ်မှုများမှ တဆင့် စတင်လာခဲ့ခြင်းဖြစ်ပြီး ၁၉၀၈ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြိုရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများအနေဖြင့် နိုင်ငံ‌ရေးနှင့်စီးပွါးရေး တန်းတူညီမျှမှုဖြစ်သည့် မဲပေးပိုင်ခွင့်ရရှိရန်၊ အလုပ် ချိန်လျှော့ချရန် နှင့် လစာတိုးခွင့်ရရှိရန် တို့အတွက် ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြသည့် ဂုဏ်ယူဖွယ် နေ့ထူး နေ့မြတ် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...