CDM News

CDM News

 စစ်ကိုင်းတံတားပေါ်တွင် ပေါ်တာဆွဲခံရသော စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတံတားပေါ်တွင် ပေါ်တာဆွဲခံရသော စစ်မှုထမ်း တပ်သား ၁ ဦး သည် လက်နက်ခဲယမ်းများဖြင့်အလင်းဝင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

 

မတ်လ ၅ ရက် ည ၉ နာရီက ရေစကြိုမြို့နယ် ၊ ခလရ ၂၅၈ တွင် တာဝန်ကျနေသော အသက် ၂၃ နှစ် အရွယ် စစ်မှုထမ်း တသ ရဲရင့်အောင်သည် MA1 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပ.က.ဖ) ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့သဖြင့် နွေး ထွေးစွာကြိုဆိုပြီး ကောင်းမွန်စွာ ကူညီစောင့် ရှောက်ပေးခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ ရဲရင့်အောင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတံတားပေါ်၌ အ ကြမ်းဖက်စစ်ကောင်စီ၏ ပေါ်တာဆွဲ ဖမ်းဆီးခံရကာ တပ်သားသစ်အဖြစ် စုစုဆောင်းခံရပြီး ရေစ ကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ရင်သို့ ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေကြရသော စစ်သား၊ ရဲ၊ ပျူ၊ စစ်မှု ထမ်း တပ်သားများ အနေဖြင့် ပြည်သူ့ရင်ခွင်ထံသို့ အမြန်ဆုံးဝင်ရောက်ခိုလှုံလိုပါက 09988895428 သို့ ယုံကြည်စွာဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၃...