PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်နှင့် ပြည်သူ နေအိမ် ၆ လုံးကို PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီး

 

D Day News

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ဒုတိယ ဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်နှင့် ဒေသနေပြည်သူ နေအိမ် ၆ လုံးကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့ စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၀ ရက်မွန်းတည့် ၁၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုး သား လွတ်မြောက် ရေးအဖွဲ့ချုပ်-PNLO ဒုတိယ ဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို PNO ပြည်သူ့စစ်များက တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်ဟုဆိုကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ အခြား နေအိမ် ၆ လုံးကိုလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO/ PNLA ကို အားပေးသည့် သူများ၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo – ပုံဟောာင်း

အဆိုပါ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒို တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင် တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန် အသိပေးခဲ့ပြီး ယင်းအတိုင်းလည်း ဆက်လက် ကျင့်သုံးခဲ့ကြောင်း ပြောဆိုထားသည်။

 

ထိုသို့ ကျင့်သုံးသော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို လက် နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်း ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခို တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...