Magway News

Magway News

တောင်တွင်းကြီမြို့နယ်တွင် စစ်မှုထမ်းကြေး၊ လျှပ်စစ်မီတာခများ အတင်းအကြပ်ကောက်ခံနေသူ အုပ်ကြီး ဝင်းသန်း ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး၊ လျှပ်စစ်မီတာခများ အတင်းအကြပ် ကောက်ခံနေသူ အုပ်ကြီးဝင်းသန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မကွေးပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခွဲက တောင်းတွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ပရပ် ကြယ်အုပ်စု ၊ ကန်ကြီးကုန်းကျေးရွာတွင် နေထိုင်သူ အုပ်ချုပ်ရေးဝင်းသန်းကို ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ နေသေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ အုပ်ချူပ်ရေးမှူးဝင်းသန်းဆိုသူသည် ပြည်သူလူထုအပေါ်စစ်မှုထမ်းကြေးများ လစဉ် (၃၀ဝဝဝ) ကျပ် အတင်းအဓမ္မ ကောက်ခံခြင်း၊ လျှပ်စစ်မီတာခများတောင်းခံခြင်းနှင့် လမ်းဖွံ့ဖြိုးရေး ငွေများကို တာဝန်ရှိသူများနှင့် ပေါင်းစားခြင်း တို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း အသိ ပေးထားသည်။

အဆိုပါ လုပ်ဆောင်မှုကို Magway Guerill Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် Dragon King People’s Defence Force – နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူးများနှင့် ပတ်သက် အချက်အလက်များ၊ ထောက်တိုင်များကို ရရှိ ထား ကြောင်း၊ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ အနေဖြင့် တဖက်ဆစ်အာဏာရှင်စနစ်ကျဆုံးသည်အ ထိ တိုက်ခိုက်ချေမှုန်း ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင် မိဘပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများနှင့် ခပ်ဝေးဝေးနေပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စေတီတစ်ဆူနှင့် လူနေအိမ် ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၈   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့်...