KNU News

KNU News

ကော့ကရိတ်မြို့မြို့နယ်တွင် စစ်တပ်ကလေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ၁ ကျောင်းနှင့် နေ အိမ် ၃ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၇

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့က ရိတ် မြို့နယ်အတွင်း ရှိ ပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး ပျက်စီး ခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။

 

မတ်လ ၅ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာကို အာ ဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ Jet Fighter တစ်စီးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ်နှင့် ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူနေအိမ် ၃ လုံး ဆိုးရွားစွာ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်၌လည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ Jet Fighter တစ်စီးဖြင့် ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်း ကျေးရွာအား ဗုံးကြဲ ပစ် ခတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် အမျိုးသားကလေးငယ် ၁ ဦး၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာစာသင်ကျောင်း ၁ လုံး အပါအဝင် ရေတွင်း၊ ရေကန် နှင့် ဆိုင်ကယ် ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအ ဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူ များ နေထိုင်သည့်နေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံဗုံးကြဲပစ်ခတ်လျက်ရှိ ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန် ပျက်စီး ခဲ့သော စာသင်ကျောင်း နှင့် ပြည်သူနေအိမ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ် လေကြောင်း ဖြင့် အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက် လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က...