Myinmu News

Myinmu News

မြင်းမူတွင် ဆက်ကြေးကောက်နေသော စစ်သားများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၂

 

မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား၌ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zayar Shwe Myay PDF တပ်ဖွဲ့ ထံမှ သိရ သည်။

 

ဧပြီလ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်ခန့်က မြင်းမူမြို့မှ Light Truck အဖြူရောင်ယာဉ်တစ်စီး ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် မုံရွာ-မန္တလေး ကားလမ်းမပေါ် မြင်းမူမြို့နှင့်ဝမ်း ပြည့် ကျေးရွားကြား MK ဆီဆိုင်အတွင်း ကင်းပုန်းဝပ်ကာ ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်နေစဉ် RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

https://youtu.be/Kkc34gpkF38

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Zayar Shwe Myay People Defence Force (Local) Battalion ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် Dog Dillers People Defence Force (Local) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...