Bago News

Bago News

မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေးမပေးသူများကို စစ်တပ်ခေါ်ဖမ်းခိုင်းနေသည့် ပျူ ၁ ဦး ပစ်ခတ်ခံရ ပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်မှုကြေးမပေးသူများကို စစ်တပ်ခေါ်ဖမ်းခိုင်းနေ သည့် ပျူ ခင်မောင်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်က မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတို မြန် မာစု ကျေးရွာနေ ပျူခင်မောင်ဝင်းသည် တာကလေးရွာ ရန်ကုန်-ပြည် လမ်းဘေးရှိ ဇရပ်ထဲ၌ ထိုင် နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃၊ တပ်ခွဲ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ဦးခေါင်းအား သေနတ်ကျည် ၁ ချက် ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ပျူခင်မောင်ဝင်းထံမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဆက်သွယ်​ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ပျူခင်မောင်ဝင်းသည် ဒေသနေ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ အတင်း အကြပ်ကောက်ခံပြီး ငွေမပေးသူများအား စစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်း၊ စကစများထံ မမှန်သတင်း ပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စကစများထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် ယခုလို အရေး ယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစ ထောက်တိုင်များအား အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...