Mandalay News

Mandalay News

မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ် အထိုင်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိ ကြောင်း သိရသည်။

“လက်နက်ခဲယမ်းတွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်ခိုက်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တော့ကြာခဲ့တယ်။ စခ ၄ ဦးသေတယ်။ သေတဲ့သူတွေကို အထက ၂ ကျောင်းထဲမှာ အခေါင်းပုံးနဲ့ ပြင် ပြီးတော့ ထားတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရဘူး။ လူနာတင်ကားနဲ့လာခေါ်သွား တာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂...