Magway News

Magway News

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာစစ်တပ်အထိုင်စခန်းကို အနီကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ထံမှ သိရ သည်။

 

ယနေ့ မတ်လ ၄ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်အထိုင် စစ်ဆေးရေး ဂိတ် စခန်းထွက်လာသော စစ်ကောင်စီတပ်သားများများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မီတာ ၅၀ အကွာအဝေးမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာ မြင့်ခဲ့ပြီး စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Thurain TR၊ Hunter (Pakokku)၊ Six Senses Guerrilla Force၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး) တို့ ပူပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ပြည်သူပိုင်ကုန်ကား ၁ စီး ထိခိုက်မှုရှိခဲ့ပြီး မိဘပြည်သူများအနေဖြင့်လည်း စစ် ရေးအရှိန်မြင့်တက်လာပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းများအနီးသွားလာ နေထိုင်ခြင်း မပြုကြပါရန်နှင့် စစ်ကောင်စီတပ် ဂိတ်စခန်းများနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာ ရပ်ခံအသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ် ကူယူကာ သေဆုံးစစ်သားအလောင်းများနှင့်အတူ ဆုတ်ပြေး   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင်တပ်စွဲထား သော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား...