Myawaddy News

Myawaddy News

မြဝတီတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများကို ကယ်ဆယ်ကူညီထောက်ပံ့မှု ပေးခဲ့သော ထိုင်းအစိုးရကို အထူးကျေးဇူးတင်ရှိပါကြောင်း NUG ထုတ်ပြန်

 

  • အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်တိုက်ခိုက်နေမှုကြောင့် စစ်ဘေးရှောင်ဦးရေ ဆက် လက်များလာနိုင်ပြီး ထိုင်းအစိုရ၊ သက်ဆိုင်ရာအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း NUG ထုတ်ပြန်

 

D Day News

ဧပြီလ ၂၂

 

ကရင်ပြည်နယ်၊ ထိုင်း -မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရ သည့် ပြည်သူများကို ကယ်ဆယ်ကူညီထောက်ပံ့မှုပေးခဲ့သော ထိုင်းအစိုးရကို အထူးကျေးဇူးတင်ရှိပါ ကြောင်း NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း တော်လှန်ရေးအင်အားစုများ နှင့် အ ကြမ်း ဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်အုပ်စုက အရပ် သား ပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထား တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့် ချီ၍ တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လို အပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင်တပ်မတော်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို အထူးပင် လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ရှိပါကြောင်း၊ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမြဲ အမှတ်ရနေမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

 

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ် မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူဦးရေ ဆက် လက်များပြားလာနိုင်ကြောင်း မိမိတို့အနေဖြင့် မှန်းဆထားသည်ဟု ဆိုသည်။

 

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ်လိုအပ်နေသည့် ပြည်သူများအတွက် ကူညီ ထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ဆောင် ရွက်သွားရန် အသင့်ရှိနေပါကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာကျူးလွန်ခြင်းခံရပြီး ထိ ခိုက်နစ်နာသူများ၏ မိသားစုဝင်များနေရာမှ ခေတ္တဝင်ရေက်ခံစားကြည့်ပေးပါရန် ကုလသမဂ္ဂသံအ မတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာကျူးလွန်ခြင်းခံရပြီး ထိ ခိုက်နစ်နာသူများ၏ မိသားစုဝင်များနေရာမှ ခေတ္တဝင်ရေက်ခံစားကြည့်ပေးပါရန် ကုလသမဂ္ဂသံအ မတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူမဆန်စွာကျူးလွန်ခြင်းခံရ ပြီး ထိခိုက်နစ်နာသူများ၏ မိသားစုနေရာမှ ဝင်ရောက်ခံစားကြည့်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံ...