Kaw Lin News

Kaw Lin News

ကောလင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၂

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း နှင့် ဒေသသတင်းရင်းမြစ်တို့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ကောလင်းမြို့အရှေ့ဘက် တဇူးကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ကောလင်းမြို့တွင်းသို့ ပြန်ဆုတ် ပြေးသွားကြောင်း သိရသည်။

 

“ကောလင်းနဲ့မြို့အထွက်နားလေးပဲ၊ လက်နက်ကြီးထုသံတွေလည်းကြားရတယ်။ တနေကုန်နီးပါပဲ မနက်ကတည်းက ဖြစ်နေတာ။ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး၊ ဝန်းသိုဘက်ကနေ ဟောင်ဝှစ် ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများ ပြန်လည်ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် အကြမ်းဖက်စစ်သား ၈ ဦးသေဆုံး အလောင်း ၈ လောင်းကနဦး တွေ့ ထားပြီးနောက်ဆက်တွဲ သတင်းဆက်ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ကောလင်း ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...