ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုများက ပြည်တွင်း ပဋိပက္ခ သက်ဆိုးရှည် အောင် ပံ့ပိုးပေးနေဟု ယာယီသမ္မတ ဒူဝါလရှီလ သတိပေး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၆
ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုများက ပြည်တွင်း ပဋိပက္ခသက်ဆိုးရှည်စေရေး ပံ့ပိုးပေးနေကြောင်း NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အ စိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင်၎င်းက ထည့်သွင်းပြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု တွေကြားထဲမှာ ပြည် တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါတယ်၊ အထူးသဖြင့် ဒေသတွင်း အင်အားကြီး နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည် အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက် တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံ ရေး အတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်းဖြစ်အောင် လုပ်ကြမလဲဆိုတာ ကြို တင် စဉ်းစားထားကြဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာ မြောက်ချည်း ကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ထို့အပြင် ရန်သူ စစ်ကောင်စီအပေါ် မထောက်မညှာတိုက်ခိုက်ကာ ပြည်သူလူထုအပေါ် ရိုးသား ဖြောင့်မတ်ရန် လိုအပ်ကြောင်း၊ အစိုးရအဖွဲ့အပေါ် ဝေဖန်ချက်များကို အလုပ်ဖြင့် သက်သေပြကာ ပြန်လည်ချေပနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သတိပေးထားသည်။
“ကျွန်တော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အ ဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူ ရ မယ့် သဘောထားလို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက် တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်။” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။
၂၀၂၅ ခုနှစ်တွင် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး ၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍပေါင်းစုံတွင် တော်လှန် ရေး ရလဒ်ကောင်းများ ထွက်စေရန် အစွမ်းကုန်ကြိုးစားရမည်နှစ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းကလည်းဆက်လက် အသိပေးထားသည်။
“၂၀၂၅ ဟာ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍစုံမှာတော်လှန်ရေးအတွက် ရ လဒ် ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ်ဖြစ်တယ်လို့ ပြောခဲ့တာနဲ့အညီ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အလုပ် တွေ ပိုလုပ်ကြရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ တော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ထဲနဲ့ သွားနေတဲ့တော်လှန်ရေးမဟုတ်သလို ကျွန်တော်တို့အစိုးရဟာလည်း Collective Leadership ဆိုတဲ့ခေါင်းဆောင်မှုနဲ့ အလုပ်လုပ်နေကြတာဖြစ်လို့ စုစုစည်းစည်း အလုပ်လုပ်နိုင်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ မိမိတို့ သက်ဆိုင်ရာဝန်ကြီး ဌာနရဲ့နိစ္စဒူဝလုပ်ငန်းတွေအပြင် ကျွန်တော်တို့ စုဖွဲ့ထားတဲ့ ကဏ္ဍအလိုက် စုပေါင်း အင်အားနဲ့ စုပေါင်းအကြံဥာဏ်တွေနဲ့ ထိထိမိမိဝိုင်းဝန်း ကြိုးစားကြရမယ့် အ ချိန် ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအပြောင်းအလဲ အခြေအနေများအပေါ် မှာလည်း မျက်ခြေ မပြတ်ပဲ မိမိတို့ရည်မှန်းထားတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်တွေကိုလည်း မဟာဗျူဟာ ကျကျ မတိမ်း စောင်း မယိမ်းမယိုင်စေပဲ ရှိတဲ့ အချိန်အရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ လူ့စွမ်းအားအရင်း အမြစ် တွေနဲ့ စနစ်တကျစီမံခန့်ခွဲရင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပြောကြားသည်။
Thanlwin Myanmar Media