Media News

Media News

ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ၊ ဓာတ်ပုံများကိုပင် ခွင့်ပြုချက်တောင်းခံရမည်၊ Credit ပေးရမည်ဟု KNU ဗဟို ထုတ်ပြန်ချက်သည်သတင်းရယူတင်ဆက်ခြင်းကို လုံးဝ ပိတ်ပင်တားမြစ်မှုဖြစ်

 

D Day News

ဧပြီလ ၂၁

 

ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ၊ ဓာတ်ပုံများကိုပင် ခွင့်ပြုချက် တောင်းခံရမည်၊ Credit ရမည်ဟု KNU ဗဟိုက ထုတ်ပြန်ချက်သည် သတင်းရယူတင်ဆက်ခြင်းကို လုံးဝပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာလောကသားများက ဝေဖန်ပြောကြားသည်။

 

ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် KNU ဗဟိုက ပြင်ပ သတင်းမီဒီယာများ သတင်းရယူခြင်း နှင့်ပါတ် သက်၍ အသိပေးကြေငြာချက် ထုတ်ပြန်ချက်အပိုဒ် ၇ တွင် “ကေအဲန်ယူအဖွဲ့အစည်းက ထုတ်ပြန် သော သတင်းအချက်အလက်များ၊ ဓါတ်ပုံများနှင့် ရုပ်သံများကို ပြန်လည်အသုံးပြုလိုပါက ကေအဲန်ယူတွင် ခွင့်ပြုချက်တောင်းခံရမည်။Credit ပေးရမည်။” ဟု ဖော်ပြထားခြင်းဖြစ်သည်။

 

“သူတို့ထုတ်ပြန်တာကို ရေးပေးတာတောင် ခွင့်ပြုချက်တောင်းရအုံးမယ်ဆိုတာက မဖြစ်သင့်ဘူး၊ အခုရေးနေတာတွေကလည်း KNU ဗဟိုက ထုတ်ပြန်သည်လို့ ထည့်ရေးနေကြတာပဲလေ၊ ဓာတ်ပုံ တွေ ကလည်းသူတို့ကိုယ်တိုင် Logo တွေတပ်ထားပြီးသားတွေ၊ ပြီးတော့ KNU ဆိုတာ ပြည်သူလူထုကို ဦးဆောင်နေတဲ့အဖွဲ့အစည်းတစ်ခု၊ ပြည်သူလူထုပိုင်အဖွဲ့အစည်းလို့ ပြောလို့ရတယ်။ သူက သတင်း မီဒီယာဌာနမဟုတ်ဘူး၊ သတင်းမီဒီယာဌာနဆိုတာက တစ်ဦးတည်းပိုင်လုပ်လို့ရတာရှိတယ်။ အဖွဲ့ အစည်းဆိုတာက တစ်ဦးတည်းပိုင်လုပ်လို့ မရဘူး၊ ဒါကြောင့် သူတို့ထုတ်ပြန်ရင် လွတ်လွတ်လပ်လပ် ယူပိုင်ခွင့်ရှိတယ်၊ ဒါကိုကန့်သတ်လိုက်တာက ငါတို့သတင်းကို ငါတို့ခွင့်မပြုရင် ဘယ်သူမှ ယူပိုင်ခွင့် မရှိဘူးလို့ ကန့်သတ်လိုက်တာပဲ။ သတင်းမီဒီယာကိုလုံးဝချုပ်ချယ်ကန့်သတ်လိုက်တာပါ” ဟု The Voice Daily သတင်းစာ အကြီး တန်းသတင်းထောက်ဟောင်း ကိုဇော်မိုးလွင်က D Day News သို့ သုံးသပ်ပြောကြားသည်။

သတင်းသမားများရေးသားသည့် သတင်းများတွင် KNU ဗဟိုက မှားသည်ဟု ယူဆပါက အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းမှားများအတွက် အမှားပြင်ဆင်ချက်ဖေါ်ပြပေးရန်နှင့် တောင်း ပန်ရန် ၊ ပြင်ပ သတင်းမီဒီယာများ လိုက်နာရန်အတွက် ဖော်ပြထားသော လိုက်နာရန်စည်း ကမ်းများ ဖောက် ဖျက်ကျူးလွန်ခြင်းများ ရှိလာပါက ရေးသားဖေါ်ပြသူ သတင်းထောက်များ၊ သတင်း ဌာနများ ကို ကေအဲန်ယူမှ Black List လုပ်ခြင်း၊ သတင်းမီဒီယာကောင်စီ သို့တိုင်ကြားခြင်း ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

“ထုတ်ပြန်တယ်ဆိုတာ ပြည်သူကို သိစေချင်လို့ ထုတ်ပြန်တာလေ၊ သတင်းမီဒီယာဆိုတာ ပြည်သူ ကို သိစေချင်တဲ့အရာ၊ သိရမယ့်အကြောင်းကို ထုတ်ဖော်ရေးသားပေးရတာလေ၊ အခုသတင်းမီဒီ ယာကနေ ပြန်ယူရင်ခွင့်ပြုချက်ယူရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး၊ မေးတော့လည်း ချက်ချင်း ပြန်ဖြေပေးနိုင်တာလည်းမဟုတ်ဘူး၊ သတင်းဆိုတာက အခုဖြစ်အခုတင်မှ Update ဖြစ်တာ။ စစ် ကောင်စီထက်ဆိုးတဲ့ ဆိုးတဲ့ ကန့်သတ်ချက်ပဲ၊” ဟု လက်ရှိသတင်းမီဒီလုပ်ငန်းကို လုပ်ကိုင်နေသည့် အကြီးတန်းသတင်းထောက်တစ်ဦးက ဝေဖန်ပြောကြားသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းသို့ သတင်း လာရောက် ယူမည့် ပြင်ပသတင်းဌာနများသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်တွင် ကြိုတင် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ကြိုတင်ခွင့်ပြုချက်တောင်းခံရာတွင် သတင်းဌာနအမည်၊ သတင်း ထောက်ကဒ်၊ သတင်းသွားယူမည့် နေရာ၊ သတင်းရယူမည့် အကြောင်းအရာ တို့ကိုပါ ပူးတွဲတင်ပြရ မည်ဖြစ်ကြောင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (ဗဟို၊ခရိုင်၊မြို့နယ်၊ကျေးရွာ) အဆင့် ဆင့်တို့မှ လုံခြုံရေး အရ သတ်မှတ်ထားသော နေရာများဖြစ်စေ၊ ရိုက်ကူးခွင့်ပိတ်ပင်ထားသော နေရာ များဖြစ်စေ၊ ခွင့်ပြုချက် တောင်းခံထားမှုတွင် မပါ၀င်သောအကြောင်းအရာများတို့ကို ရိုက်ကူးခွင့် မပြု ကြောင်း၊ လိုအပ်ပါက ရိုက်ကူးထားသည့် ရုပ်သံများဖြစ်စေ၊ ဓါတ်ပုံများ ဖြစ်စေ တာ၀န်ရှိသူများမှ စစ် ဆေးရန် တောင်းခံလာပါက ရိုက်ယူထားသည်များကို ပြသပေးရမည်ဖြစ်ကြောင်း ကန့်သတ်ထုတ် ချယ်ထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...