CDM News

CDM News

ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦးလက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်၊ ငွေကျပ်သိန်း ၄၀ နှင့် အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သဖြင့် ငွေကျပ် သိန်း ၄၀ နှင့်အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်ပေး ခဲ့ကြောင်း Senthang Revolution Force – SRF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၂ ဦး သည် MA1 အမျိုးအစား သေနတ် ၂ လက်ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုဖြင့် လည်းကောင်း အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“မနေ့က ၂ ယောက်ကတော့ စစ်မှုထမ်းဟောင်းတွေပါ၊ အရင်တစ်ယောက်ကတော့ အသစ်ပေါ့၊ အ ခြားသော ရဲဘော်တွေအားလုံးလည်းအချိန်ရှိတုန်း ပြည်သူ့ထံပါဝင်စေချင်တယ်၊ ပြည်သူထံပါဝင်ချင် သူအားလုံးကို SRF က ကိုဆိုလက်ခံနေပါတယ်” ဟု Senthang Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ထံပူးပေါင်းပါဝင်လာသည့် စစ်ကောင်စီတပ်သားများကို Senthang Revolution Force – SRF တပ်ဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှင့်အတူ အခြား အဖိုးတန်ပစ္စည်းများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...