Mandalay News

Mandalay News

တောင်သာမြို့ အနောက်ဘက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၄

 

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရ သည်။

 

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်သားများ‌ နေထိုင်သည့် ဘန်ကာ ၂ လုံး ထိခိုက်ပျက်စီးကာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော ၆၀ မမ ၊ လက်နက်ခဲယမ်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...