KNLA News

KNLA News

ကော့ကရိတ်မြို့ကို အကြမ်းဖက်စစ်တပ် ဓာတုအဆိပ်ဗုံး အသုံးပြုကာ တိုက်ခိုက်မှုကြောင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များ ဓာတုအဆိပ်သင့် ဝေဒနာခံစားရ

 

D Day News

ဧပြီလ ၂၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများက ဓာတုအဆိပ်ဗုံးများ အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်ဒေသနေပြည်သူအချို့ ဓာတုအဆိပ်သင့်ပြီး မူးဝေ၊ အော့အန် ခြင်း ဝေဒနာများခံစားနေရကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ကော့ကရိတ်မြို့မြောက် ခြမ်းသို့ ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးများ ကျဲချကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဓာတုအဆိပ်ဗုံးအသုံးပြုကာ ကျဲချတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့တွင် နေပြည်သူအချို့ ဓာတုအဆိပ်သင့်ကာ မူးဝေ အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း ဝေဒနာများခံစားနေ ရပြီး မြေပြင်တပ်စွဲ ထားရာမြို့တွင်း နေရာချို့ကို ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

 

“တိုက်ပွဲက မပြီးသေးဘူး၊ မြေပြင်မြို့တွင်းနေရာအချို့ကို ယာယီစွန့်ခွာပေးလိုက်ရတာရှိတယ်။ မငြိမ် သေးဘူး၊ စစ်ခွေးတွေဘက်က ဓာတုအဆိပ်ဗုံးတွေကို ဒရုန်းနဲ့ကျဲချနေတာ၊ အဲဒါကြောင့် ရဲဘော်တွေ မူးဝေအော့အန်တာ၊ အသက်ရှုကြပ်တာတွေဖြစ်တယ်။ မြေပြင် Update အခြေအနေတော့ မသိရ သေးဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဧပြီလ ၁၁ ရက်နေ့မှစ၍ မြဝတီမြို့ကို စစ်ကူပေးရန် ကြည်းကြောင်း၊ လေကြောင်းအသုံးပြုကာ ချီ တက်လာသော အကြမ်းဖက်စစ်ကြောင်းများကို ကော့ကရိတ်မြို့အနီးတဝိုက်၌ KNLA ပူးပေါင်း တပ် ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ကော့ကရိတ်မြို့နှင့်အနီးတဝိုက်ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဒေသနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...