Sesi News

Sesi News

ဆီဆိုင်မြို့နယ်တွင် ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်ဆိုသူက စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ဖမ်းဆီးကာ မုဒိမ်းကျင့်ရန် ကြံစည်

 

D Day News

ဧပြီလ ၂၁

 

ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်ရင်းမှ တပ်သားညီညီနိုင်ဆိုသူက စစ် ဘေးရှောင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ဖမ်းဆီးကာ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဧပြီလ ၁၄ ရက်နေ့က ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာ၌ စစ်ဘေးရှောင်နေသည့် နေရာသို့ အ ကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်ဆိုသူ ရောက်ရှိလာပြီး  ပအိုဝ်း အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့်ချိန်ရွယ်ကာ အနီးရှိ စစ်ဘေးရှောင်များနေထိုင်ရာတဲတစ်လုံး အ တွင်းသို့ ဆွဲခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆွဲခေါ်သွားပြီးနောက် ယင်းတဲအတွင်းနေထိုင်သူ စစ်ဘေးရှောင်အမျိုးသားကို ခြိမ်းခြောက် မောင်း ထုတ်နေစဉ် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

“သူညီမတို့တဲနားရောက်လာပြီး လူတွေအကုန်လုံးကိုမောင်းထုတ်တယ်။ ပြီးတော့ ညီမကို သေနတ်နဲ့ ချိန်ပြီး နင်ငါ့ကိုယူမလား မယူဘူးလားဆိုပြီးပြောတယ်။အဲ တာနဲ့ညီမက မယူဘူးပြောတော့ သူက သေနတ်က ကျည်ဆံနဲ့ နဖူးနဲ့ဟိုးအနောက်ဖက် ဖြောင်သွားချင်လားလို့ ပြောတယ်။ အဲတာနဲ့ညီမက ကြောက်ကြောက်နဲ့ ဆရာက ဘာဖြစ်ချင်လဲမေးတော့ ငါနင်နဲ့အိပ်ချင်တယ်ဆိုပြီးပြောတယ်။ အဲတာ နဲ့ သူက ညီမကို တဲပေါ် အတင်းစွဲခေါ်သွားတယ်။ တဲပေါ်က ခြေထောက်နာနေတဲ့အကိုတွေရှိတယ်။ အဲအကိုတွေကို နင်တို့သွားတော့ ငါသူနဲ့ အိပ်တော့မှာ ဆိုပြီး ပြောနေချိန် ညီမလည်း ဖိနပ်ချွတ်ပြီး ပြေးတာ။ အဲည အဲနေရာနဲ့ဝေးတဲ့ တဲမှာ သွားအိပ်ခဲ့တယ် ။ ခုဆို အဲနားကို ပြန်လိုမရဲသေးဘူး”ဟု အကြမ်းဖက်ခံရသည့် ကာယကံရှင် ပအိုဝ်းအမျိုးသမီးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...